ကင်ဆာပျောက်ဖို့ သောက်ကြစို့

Posted: February 21, 2011 in ကျန်းမာရေး

ကင်ဆာရောဂါ အမှန်တကယ် ပျောက်ကင်းချင်တယ်ဆိုရင် အာလူးစိမ်းဖျော်ရည် နေ့စဉ်မှန်မှန် သောက်ပေးဖို့လိုတယ်လို့ အခုတလော ခေတ်စားနေပါတယ်။ အာလူးစိမ်းဖျော်ရည် လုပ်နည်းဟာ အလွန်ရိုးစင်း လွယ်ကူတဲ့အတွက် အခုချက်ခြင်း ထလုပ်လို့ရတဲ့ ကိစ္စလည်း ဖြစ်ပါတယ်။ လုပ်နည်းက အရွယ်တူအာလူး (၃) လုံးကို ဖြူစင်အောင် ဘေးအစို့ပေါက်များကို အသေအချာ ဖယ်ရှားရပါမယ်။ အခွံနွှာဖို့တော့ မလိုဘူးလို့ သိရပါတယ်။ (တစ်ခုရှိတာက ကိုယ်ရွေးတဲ့အာလူးဟာ သန့်ရှင်း လတ်ဆတ်ဖို့တော့ လိုပါတယ်။ အာလူးပုတ်၊ အာလူးဆွေး မဖြစ်စေရပါ။) ရေဆေးပြီး ခြစ်ရပါ့မယ်။ ပြီးရင် အဲဒီ အာလူးမျှင်ကလေးတွေကို ပိတ်စိမ်းပါးသန့်သန့်နဲ့ ထုပ်ပြီး အုန်းနို့ညစ်သလို ညစ်ရပါမယ်။ ရလာတဲ့ အာလူးစိမ်းရည်ကို အရသာကောင်းအောင် ပျားရည်စစ်စစ် နည်းနည်းရောစပ် သောက်နိုင်ပါတယ်။ အာလူးစိမ်းဖျော်ရည်ကို နံနက်တိုင်း တစ်ခွက်နှုန်း သောက်သုံးပေးရင် ကင်ဆာရောဂါ သက်သာပျောက်ကင်း စေနိုင်တဲ့အကြောင်း ဂျပန်နိုင်ငံမှ သက်သေထူပေးမယ့် အထင်ကရပုဂ္ဂိုလ် ဒုနဲ့ဒေး ရှိနေပြီလို့ သိရပါတယ်။

အာလူးစိမ်းဖျော်ရည်ကို သောက်သုံးပေးရင် ကင်ဆာရောဂါ ပျောက်ရုံတင် မဟုတ်ဘူးတဲ့။ တစ်ပတ်၊ နှစ်ပတ်အတွင်း ပေါ့ပါးရွှင်လန်း လာတာတော့ သေချာပါတယ်။ ကိုယ်တိုင် စမ်းသောက်ကြည့်ရင် ပိုပြီးသေချာတာ တွေ့ရမှာဖြစ်ပါတယ်။ ဒါ့အပြင် အသည်းရောဂါ၊ ဆီးချိုရောဂါ၊ အစာအိမ်ရောဂါ၊ ကျောက်ကပ်ရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ခါးနာ၊ ပုခုံးနာ၊ ကျည်းပေါင်းတက် ရောဂါတွေပါ ပျောက်ကင်းတယ်ဆိုပြီး ဂျပန်နိုင်ငံမှာတော့ အတော့်ကို ရေပန်းစားနေပြီ ဖြစ်ပါတယ်။ အဲဒီလိုဖြစ်အောင် စတင်ဆော်သြသူကတော့ ဂျပန်ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးအဂှသ်တိုမိဇာဝ ဖြစ်ပါတယ်။ ဘုန်းတော်ကြီးတိုမိဇာဝရဲ့ အာလူးစိမ်းဖျော်ရည် ဖျော်နည်း၊ သောက်နည်း ရသွားပြီး ကိုယ်တိုင်လက်တွေ့ ဖျော်စပ်သောက်သုံးသူ ဂျပန်လူမျိုး အများစုဟာ သေမဲ့ဆဲဆဲ ရောဂါအတော်များများ ပျောက်ကင်းချမ်းသာ ရသွားလို့ ကျေးဇူးတင်မဆုံး ဖြစ်နေကြတယ်လို့ ဆိုပါတယ်။

ဂျပန်နိုင်ငံသားမစ္စတာတီဟာ ရောဂါခံစားရလို့ ခေတ်မီအနောက်တိုင်း ဆေးဝါးတွေနဲ့ ခွဲစိတ်ကုသရုံမကဘူး၊ ဓာတ်ကင်ခဲ့ပေမယ့် ရောဂါမသက်သာလို့ လူပြောများတဲ့ အာလူးစိမ်းဖျော်ရည်ကို စမ်းသောက်ကြည့်တယ်လို့ ဆိုပါတယ်။ ဆရာဝန်က လက်လျော့လိုက်တဲ့အတွက် ကင်ဆာရောဂါနဲ့ သေမင်းနှုတ်ခမ်းဝ ရောက်ခဲ့တဲ့ မစ္စတာတီဟာ အာလူးစိမ်းဖျော်ရည် သောက်သုံးတဲ့ ကျေးဇူးကြောင့် ကင်ဆာရောဂါ သက်သာသွားရုံမကဘူး၊ အခုဆိုရင် အားခွန်ဗလ ပြည့်ဖြိုးပြီး အလုပ်တောင် ပြန်ဝင်နေပြီလို့ သိရပါတယ်။ ဒါကြောင့် အနောက်တိုင်းဆေးပညာနဲ့ ကုသပေးနေတဲ့ ဂျပန်ဆရာဝန် အတော်များများဟာ အာလူးစိမ်းဖျော်ရည် သောက်သုံးပေးခြင်းဟာ ကင်ဆာရောဂါသာမက အခြားရောဂါကြီး တော်တော်များများကိုပါ ပျောက်စေတယ်လို့ ထောက်ခံလာကြပြီ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ရောဂါတစ်ခုခု ခံစားရပြီဆိုရင် ငွေကုန်ကြေးကျ မသက်သာလှတဲ့ ခုလိုအချိန်မျိုးမှာ ဈေးအသက်သာဆုံးနဲ့ အလွယ်ကူဆုံးဖြစ်တဲ့ အာလူးစိမ်းဖျော်ရည်ကို လိုလိုမယ်မယ် ကြိုတင်သောက်သုံး ကြည့်ကြဖို့ တိုက်တွန်းလိုပါတယ်။

Leave a comment