မိန်းမကျမ်း ကြေချင်ကြသူများသို့

Posted: February 21, 2011 in ထွေရာလေးပါး

မနက် နိုးလာတော့ ခေါင်းက အရမ်း ကိုက်နေသည်။ ညက သူငယ်ချင်းတွေနှင့် အလွန်အကျွံ သောက်ထား သည်ကိုသာ သူမှတ်မိပြီး အိမ်ကို မည်သို့ မည်ပုံ ပြန်ရောက် လာခဲ့သည်ကို သူ မမှတ်မိတော့။ အိပ်ရာပေါ်က အားယူပြီး သူ ထလိုက်သည်။ ကုတင်ပေါ်မှ ဆင်းမည် အလုပ် ခေါင်းရင်း ခုံပေါ်တွင် စာရွက်တစ်ရွက်ကို ဖိထားသော ရေတခွက်နှင့် အကိုက်အခဲ ပျောက် ဆေး တချို့ကို တွေ့လိုက်သည်။

ဘေးဘီကို သူ ကြည့် လိုက်မိတော့ ကုတင် ဘေးတွင် မီးပူ တိုက်ပြီးသား အသင့်ဝတ်ရန် အ၀တ်အစားများကို တွေ့လိုက်ပြန်သည်။ ဒီနေ့က ခါတိုင်း နေ့တွေနှင့်မတူ သူ့အတွက် နည်းနည်းတော့ ထူးဆန်း နေမိသည်။ ဆေးကို သောက်လိုက်ပြီး ရေခွက် အောက်က စာရွက် ကို သူ ယူကြည့် လိုက်သည်။ စာရွက်ပေါ်တွင်. . .

“မောင်…
ခင် ဈေးသွား လိုက်ပြီ
မောင့် အတွက် မနက်စာကို စားပွဲပေါ်မှာ အဆင်သင့် ပြင်ထား ပေးခဲ့တယ်။
နွေး နေတုန်း စားလိုက်ပါနော်…
မောင့်ရဲ့
ခင်”

တခုခုတော့ တခုခုပဲ။ ညက မူးမူးနှင့် သူ ဘာတွေ ပြောမိ၊ လုပ်မိ လိုက်ပါလိမ့်။ လူမှန်းမသိ မူးနေတော့ သူ ဘာကိုမှ စဉ်းစားလို့ မရခဲ့။ မေးခွန်းပေါင်း များစွာနှင့် စားပွဲပေါ်က အုပ် ဆောင်းကို မ ကြည့်လိုက်သည်။ မနက်စာက အငွေ့ တထောင်းထောင်းနှင့် တကယ့် စားချင် စဖွယ်။ ဘေးတွင် မနက်ပိုင်း သတင်းစာကို တင်ထား သေးသည်။ မနက်စာကို စားရန် သူထိုင်လိုက်စဉ် အခန်းထဲမှ သား ထွက်လာ သည်ကို သူ မြင်လိုက်တော့…

“သား… မနေ့ညက ဘာတွေ ဖြစ်သေးလဲ?”
“အင်း… မနေ့ညက ညဥ့်နက်မှ ဖေဖေမူးပြီး ပြန်လာတယ်လေ။ အိမ်ရောက်တော့ မေမေ့ ကို အော်ငေါက်တယ်။ နောက်ပြီး တွေ့ရာ ပစ္စည်းတွေကို ရိုက်ခွဲတယ်။”

သား၏ စကားကို သူကောင်းကောင်း သဘော မပေါက်နိုင်သေးဘဲ ထပ်မေး လိုက်မိသည်။

“ဒါဆို ဖေဖေ ထလာတော့ တအိမ်လုံး သန့်ရှင်း နေတာပဲ။ ရိုက်ခွဲထားတဲ့ အရာတွေလဲ မတွေ့ ပါလား? ဒါကို သား မေမေက စိတ်မဆိုးတဲ့အပြင် ဖေဖေအတွက် အင်္ကျီတွေ၊ မနက်စာတွေ အဆင်သင့် ပြင်ထား သေးတယ်”

“အော်… အဲဒါလား? မနေ့ညက ဖေဖေမူးပြီး ပြန်လာတော့ မေမေက စိတ်ဆိုး တာပေါ့။ ဖေဖေ အော်ငေါက် နေတဲ့ ကြားထဲ မေမေက ဖေဖေ့ကို အခန်းထဲ ဆွဲခေါ်ပြီး အဝတ်လဲမလို့ ဖေဖေ့ အင်္ကျီကို ချွတ်တော့ ဖေဖေက မေမေ့ကို တွန်းထုတ်ပြီး အော်လိုက်သေးတယ်”

“ဖေဖေ ဘယ်လို အော်လိုက်တာလဲ သား?”

“ကလေးမ… သွား! ငါ့အနား မလာနဲ့။ ဝေးဝေးသွား! ငါ့မှာ အိမ် ထောင် ရှိတယ်တဲ့”

သူ ကျေကျေ နပ်နပ်ကြီး ပြုံးလိုက်မိသည်။ နောက် အငွေ့ တထောင်းထောင်း ထနေသော မနက်စာကို မြိုန်ရည်ယှက်ရည် သူစား လိုက်သည်။

About these ads

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s